ည ၈ နာရီနောက်ပိုင်း ဘာတွေစားလို့ရသလဲ

အစေ့အဆန်များ

ကယ်လိုရီပမာဏများတဲ့အတွက် တော်သင့်ရုံသာ စားဖို့တော့လိုပါတယ်။

ထောပတ်သီး

ညအချိန်ဆာလောင်မှုကို ထောပတ်သီးစိတ်အနည်းငယ် စားပေးခြင်းဖြင့် အာသာပြေနိုင်ပါတယ်။

နို့ထွက်ပစ္စည်းများ

မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့(ဒါမှမဟုတ်)ဒိန်ချဉ်သောက်တာမျိုးလုပ်ပေးနိုင်သလို အဆီ ထုတ်ထားတဲ့ နွားနို့သောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

အနက်ရောင်ချောကလက်

ကိုကိုး ၇၀ ရာခိုင်နှုန်းလောက်ပါတဲ့ အနောက်ရောင်ချောကလက် တစ်ကန့်လောက် စားပေးတာကလည်း ဆာလောင်မှုကို သက်သာစေပါတယ်။

ဘလူးဘယ်ရီ

အမျှင်ဓာတ်၊ အသားဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ဘလူးဘယ်ရီသီးလည်း စားပေးနိုင်ပါတယ်။

Ref : wellnessbin

Credit : 7daydaily