ပူအိုက်ခြင်းကြောင့်ဖြစ်တတ်သော အလှအပ ပြဿနာများကို ဖြေရှင်းနည်း

မဖြစ်မနေလိမ်းသင့်တာက – အမျိုးသမီးပဲဖြစ်စေ၊ အမျိုးသားပဲ ဖြစ်စေ နေ့တစ်နေ့တာအတွက် မဖြစ်မနေလိမ်းသင့်တာက နေရောင်ကာခရင်မ် တစ်မျိုးပါပဲ။ အပြင်မထွက်ခင် နာရီဝက် အလိုကတည်းက လိမ်းပေးပါ။

အသားအရေခြောက်သွေ့သူဆိုရင် – နေရောင်ကာခရင်မ်ထဲမှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာ မျိုးနဲ့ ရေဓာတ်ပါဝင်တာမျိုးကို ရွေးချယ် ဝယ်ယူကာလိမ်းပေးပါ။

အဆီပြန်တတ်သူဆိုရင် – အဆီပြန်တတ်သူဆိုရင် အရေပြား ကို ပိုမိုလင်းစေတဲ့ အာနိသင်ရှိတဲ့ (Light) နေရောင်ကာခရင်မ်မျိုးကိုရွေးချယ်ပါ။

စိုပြည်နေစေမည့် မိတ်ကပ်ပြင်ဆင်မှု – အရမ်းတောက်ပနေအောင် ပြင်ဆင်ပေးဖို့မလိုပါဘူး။ စိုပြည်လှပတဲ့မျက်နှာပြင်ဆင်မှုမျိုးလေးရစေဖို့ မျက်ဝန်းပြင်ဆင်မှုနဲ့ အောက်ခံဖောင်ဒေးရှင်း ရွေးချယ်မှုက အဓိကျပါတယ်။

အသားအရေခြောက်သွေ့သူများ ကြုံတွေ့ရသော ပြဿနာ – အရေပြားက ခြောက်သွေ့နေတတ် ပြီး နူးညံ့ချောမွေ့မှုမရှိသလို ပြေပြစ်တဲ့ လှပမှုလည်းမရှိဘူး။  ဖြေရှင်းနည်း – Oil-based ဖောင်ဒေးရှင်းမျိုးက ရွေးချယ်ပေးပါ။ သင့်အရေပြားက ချော မွေ့နေစေပြီး ခြောက်သွေ့မှုကင်းကာ စိုပြည်နေပါလိမ့်မယ်။

အဆီပြန်တတ်သူများ ကြုံတွေ့ရသောပြဿနာ – နေပူလာလေလေ မျက်နှာက ပိုပြီး အဆီတွေပြန်လာလေလေပဲ။ ဖြေရှင်းနည်း – အောက်ခံဖောင်ဒေးရှင်းကို အရည် အမျိုးအစားသုံးပေးမယ့်အစား ပေါင်ဒါမှုန့် ကိုအခြေခံတဲ့ မိတ်ကပ်မျိုးကို သုံးပေးပါ။ ပေါင်ဒါမှုန့်အမျိုးအစားဖြစ်တာကြောင့် မျက်နှာပေါ်က အဆီတွေကို စုပ်ယူနိုင် ပြီး အဆီပြန်ခြင်းကင်းစေပါတယ်။

စွန်းထင်းမှုကင်းသော မျက်ဝန်းပြင်ဆင်မှု – သက်ဝင်လှပပြီး စွန်းထင်းမှုကင်းတဲ့ မျက်ဝန်းပြင်ဆင်မှုဖြစ်စေဖို့ လိုအပ်ပါတယ်။

မျက်တောင်ကော့ဆေးသုံးချိန်မှာ ကြုံတွေ့ရသော ပြဿနာ – ချွေးထွက်ရင် မျက်တောင်ကော့ ဆေးတွေ အရည်ပျော်ကုန်တယ်။ ဖြေရှင်းနည်း – မျက်တောင်ကော့ဆေးကို ရေစိုခံ တဲ့ Waterproof Fiber မျိုးကို ရွေးချယ်ပေးဖို့လိုပါတယ်။ ရေစိုခံတာ ကြောင့် ချွေးထွက်လည်းအလွယ်တကူ မပျက်စေဘဲ ဖိုင်ဘာအမျိုးအစားဖြစ်တာ ကြောင့် အပူဓာဏ်ကို ခံနိုင်ပါတယ်။

အိုင်းလိုင်နာသုံးချိန်မှာ ကြုံတွေရသောပြဿနာ – အိုင်းလိုင်နာတွေက မျက်လုံးတစ်ဝိုက်စွန်းထင်းပေကျံကုန်တယ်။ ဖြေရှင်းနည်း – လိုင်နာအရည်သုံးပြီး မျက်ခွံတစ် ဝိုက်ဆိုးပြီးချိန်မှာ လိုင်နာအမှုန့်ကိုဘရပ်ရှ် နဲ့ ယူလိုက်ပြီး လိုင်နာအရည်ဆွဲထားတဲ့ အပေါ်ကနေ ညီညီလေး ထပ်ဆွဲပေးပါ။ စွန်းထင်းမှုမဖြစ်ပါစေနဲ့ လိုင်နာအရည် က ချွေးထွက်တာကြောင့် အစိုပြန်တာကို လိုင်နာအမှုန့်က ထိန်းထားပေးနိုင်ပါတယ်။

ပြီးပြည့်စုံသော ဆံသားပြင်ဆင်မှု – ဘယ်လိုဆံသားပဲဖြစ်ပါစေ ပျော့ပျောင်းနေစေပြီး ရှုပ်ထွေးမှုကင်းစေဖို့ လိုပါတယ်။

ဆံသားဖြောင့်စင်းနေသူများ ကြုံတွေရသောပြဿနာ – ပြားကပ်ပြီး ပါးလွှာသွားတယ်။ ဒီ တော့လူက ကြည့်လိုက်ရင် လန်းဆန်းမှု မရှိသလိုပဲ။ ဖြေရှင်းနည်း – ခေါင်းဖြီးချိန်မှာ ဘရပ်ရှ်အကြီးကို အသုံးပြုပြီး ဦးရေပြားကနေဆံပင်အဖျား အထိ ဖြီးချလိုက်ကာ ရေဓာတ်ပါတဲ့ ဆံ ပင်ဖျန်းစပရေးကို အပေါ်ကနေ ဖျန်း လိုက်ပါ။ ဆံသားကို ဘရပ်ရှ်နဲ့ ဖြီးထားတာကြောင့် ဆံသားတွေက တစ်ချောင်းချင်းဖြစ်နေပြီး ရေဓာတ်ပါတဲ့ စပရေး ကြောင့် တစ်နေ့လုံးစိုပြည်နေစေပါတယ်။

ဆံပင်ကောက်ထားသူများ ကြုံတွေရသောပြဿနာ – ဖွာထွက်နေတတ်ပြီး ပွရောင်းနေကာ ကောက်သားတွေမပေါ်ဘဲ ဆံပင်ပုံစံမကျ ဖြစ်နေတတ်တယ်။ ဖြေရှင်းနည်း – ဆံပင်ကောက်ထားချိန်မှာ လိမ်းတဲ့ ကောက်သားလိမ်းဆေးဟာ စိုစွတ်နေတာမျိုးဖြစ်မနေစေဖို့လိုပါတယ်။ ခရင်မ်အမျိုးအစားကို သုံးမယ့်အစား အကြည် ရောင်၊ ဂျယ်လီလိုမျိုးကောက်သားလိမ်း ဆေးတွေကို သုံးပေးပါ။ ဆံသားကို ကပ် မနေစေဘဲ ဂျယ်အမျိုးအစားဖြစ်တာ ကြောင့် ဆံပင်ကောက်သားကို တစ်လိပ်ချင်းပေါ်ကာ ပွရောင်းမနေဘဲ လှပနေစေပါလိမ့်မယ်။

Credit : Myawady News