မိန်းကလေးတွေ ရင်သား တစ်ဖက်နဲ့တစ်ဖက် အရွယ်အစားမတူတဲ့ အကြောင်းအရင်း

မိန်းကလေးတော်တော်များများ ဒီလို ဖြစ်ဖူးကြမှာပါ။ ကိုယ့်ရင်ဘက်ကို ငုံ့ကြည့်လိုက်လို့ ရင်သားက တစ်ဖက်ကကြီးပြီး တစ်ဖက်က သေးနေတာမျိုးပေါ့။ ဒီ့အတွက်တော့ စိတ်မပူပါနဲ့။ အဲ့လိုဖြစ်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ရင်သားအရွယ်အစား နဲ့ ပုံသဏ္ဍာန် တစ်ဖက်နဲ့တစ်ဖက် မတူတာဟာ အမျိုးသမီးတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရင်သား size တူတဲ့ အမျိုးသမီးကတေ့ာ ရာခိုင်နှုန်း နည်းပါတယ်။ ဒီလို တစ်ဖက်နဲ့ တစ်ဖက် အရွယ်အစား မတူတဲ့ အကြောင်းအရင်းတွေကလည်း ခန္ဓာကိုယ်ပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါတယ်။

အမျိုးသမီးကျွမ်းကျင်ပညာရှင်ရဲ့ လေ့လာတွေ့ရှိမှုအရ ဒီလိုဖြစ်တာဟာ မျိုးရိုးဗီဇ မွေးရာပါကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ အမေ၊ အဖွားရဲ့ ရင်သားအရွယ်အစားတွေဟာ မတူညီလျှင်လည်း မိမိမှာပါ လိုက်ပြီး ဖြစ်တတ်ပါတယ်။

နောက်ထပ်တွေ့ရှိချက်ကတော့ ကိုယ်အလေးချိန် ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ တစ်သျှူးနဲ့ဖွဲ့စည်းထားတဲ့ ရင်သားတွေဟာ ခန္ဓာကိုယ်အလေးချိန် အတက်၊ အကျကြောင့် အရွယ်အစား ပြောင်းလဲသွားတတ်ပါတယ်။ ဒါဟာ အများဆုံး ဖြစ်တဲ့ အကြောင်းအရင်းဖြစ်ပြီး အန္တရာယ်မရှိပါဘူး။

သင့်အနေနဲ့ သတိထားရမှာက ရုတ်တရက်ကြီး ရင်သားအရွယ်အစား ပြောင်းလဲခြင်း၊ အထူးသဖြင့် တခြားလက္ခဏာတွေဖြစ်တဲ့ ရင်သားတဝိုက် အရေပြားကျုံ့လာခြင်း (သို့) အရေပြား ထူလာခြင်း၊ ချိုင့်လာခြင်း (သို့) အရောင်ပြောင်လားခြင်းများ ဖြစ်လျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့ ရင်သားကင်ဆာကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်သားsize မတူညီတာအပြင် တခြားသော လက္ခဏာရပ်တွေပါ ဖြစ်နေလျှင်တော့ လျစ်လျူမရှုမိဖို့ လိုအပ်ပါတယ်။

Credit : SHARE FROM CHAN ( ရွှေအင်းလေး)